မိသားစု၀င္၊ အိမ္သားမ်ားအတြက္ ခ်က္ျပဳတ္ေပးေလ့ရိွသည့္ အိမ္ရွင္မမိခင္မ်ား မိမိအသက္ အႏၱရာယ္အတြက္လည္း သတိျပဳသင့္သည့္ အခ်က္တစ္ခု

ထိုင္၀မ္မွအိမ္ရွင္မအမ်ိဳးသမီးတစ္ဦးဟာ မီးဖိုေခ်ာင္၌ခ်က္ျပဳတ္ခါနီး ၀ယ္ယူလာသည့္ငါးအား ေႀကးခြံခြါ/ျပင္ဆင္ေနစဥ္ လက္ညိွဳးတြင္မေတာ္တဆထိုးသြင္းဒဏ္ရာရရိွခဲ့ပါတယ္။ အဆိုပါအမ်ိဳးသမီးအေနျဖင့္ သာမာန္ဒဏ္ရာရမွဳ အေနနဲ ့သာသေဘာထားခဲ့ျပီး ဒဏ္ရာအားေဆးေႀကာျပီးေနာက္ ေနအိမ္တြင္ရိွေသာေဆးျမီးတိုနည္းျဖင့္သာလိမ္းက်ံထားခဲ့ပါတယ္။

ေနာက္တေန ့အိပ္ရာထသည့္အခါ သူမ၏လက္တခုလံုးဟာ ပံုပါအတိုင္းေရာင္ကိုင္းနီျမန္းလ်က္ပူေလာင္ကိုက္ခဲေနတာကိုေတြ ့ရိွရသျဖင့္ နီးစပ္ရာေဆးရံုသို ့သြားေရာက္ျပသသည့္အခါ “Cellulitis” ေခၚ အေရျပားေအာက္တစ္သၽွဴ းလႊာတေလၽွာက္ ပိုး၀င္ေရာက္ပ်ံ ့ႏွံ ့ျခင္းျဖစ္ေနေႀကာင္းသိရိွခဲ့ရပါတယ္။

လက္ေတြ ့ကုသေရးနယ္ပယ္တြင္ အထက္ပါ “Cellulitis” အထိျဖစ္ေစႏိုင္ေသာအေႀကာင္းရင္းျဖစ္စဥ္မနည္းလွေသာလည္း အထက္ပါကဲ့သို ့ ေရသတၱ၀ါမွတဆင့္ထိခိုက္ဒဏ္ရာရျခင္းမွျဖစ္လာခဲ့ပါက အထူးသတိျပဳသင့္ျပီး ၁၀၀% မျဖစ္မေနျပသကုသမွဳ ခံယူရန္လိုအပ္ေႀကာင္းေျပာလိုပါတယ္။

အဘယ့္ေႀကာင့္ဆိုေသာ ျပင္းထန္ခဲ့ပါက ဒဏ္ရာရခဲ့သည့္ ခႏၶာကိုယ္အစိတ္အပိုင္း(အထူးသျဖင့္ ေျခ၊လက္)အား ျဖတ္ေတာက္ပစ္ရသည္အထိေဆာင္ရြက္ရတတ္ျပီး မျဖတ္လိုပါကလည္းအသက္ေသဆံုးႏိုင္သည္အထိကိုေပးဆပ္ရန္ျပင္ဆင္ထားရပါတယ္။

လက္အနာ

အဓိကအေႀကာင္းရင္းကေတာ့ ေရထဲတြင္တည္ရိွေနေသာပိုးမႊားမ်ားအနက္ Vibrio Vulnificus ေခၚေရာဂါပိုး၀င္ေရာက္ခံခဲ့ရပါက အထက္ပါကဲ့သို ့နာရီပိုင္းအတြင္းလ်င္ျမန္စြာႀကီးထြားေရာင္ကိုင္းလာျခင္း၊အညိဳ ပုပ္ေရာင္ေသြးေရႀကည္ဥမ်ားထြက္ေပၚလာျခင္း ျဖစ္တတ္ပါတယ္။ အခ်ိန္မွီကုသစစ္ေဆးမွဳ ရရိွခဲ့ေသာ္ ထိေရာက္သည့္ပဋိဇီ၀ပိုးသတ္ေဆး၀ါးမ်ား၊လိုအပ္သည့္အခါ Fasciotomy ေခၚပုံပါအတိုင္းေရာဂါပိုး၀င္ေရာက္ပ်ံ ့ႏွံ ့ေနသည့္ေျခ၊လက္အားအေျမွာင္းလိုက္ခြဲစိတ္ဖြင့္ထုတ္ရျခင္း တို ့လုပ္ေဆာင္ရေလ့ရိွပါတယ္။

ထိုမၽွျဖင့္မရဘဲ ပိုမိုျပင္းထန္သည့္အခါမွလာေရာက္ျပသသည့္အခါ ျဖစ္ပြါးေနသည့္ လက္၊ေျခတို ့အား အခ်ိန္မွီျဖတ္ေတာက္ပစ္ရန္လိုအပ္ျပီး သို ့မဟုတ္ပါက ခႏၶာကိုယ္တခုလံုးသို ့ပိုးဆိပ္ပ်ံ ့ႏွံ ့ျပီး Septic Shock ျဖင့္ေသဆံုးရတတ္ပါတယ္။

လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက မိမိကိုယ္တိုင္ႀကံဳ ေတြ ့ခဲ့ဘူးေသာျဖစ္စဥ္မ်ားရိွပါတယ္။ ငါးေမြးလုပ္ငန္းလုပ္ကိုင္သည့္လူလတ္ပိုင္းအမ်ိဳးသားတစ္ဦးဟာ အရြယ္ေရာက္ငါးမ်ားအားထုတ္ယူေရာင္းခ်ရန္ကိုင္တြယ္လုပ္ေဆာင္စဥ္ လက္၀ါးျပင္၌ငါးပါးဟက္ျဖင့္ထိခိုက္ဒဏ္ရာရိွခဲ့ပါတယ္။ ဒဏ္ရာအား အမွဳမဲ ့အမွတ္မဲ့သာထားခဲ့ျပီး ၃ရက္ေျမာက္ေန ့တြင္မခံမရပ္ႏို္င္ေအာင္နာက်င္ကိုက္ခဲလာသည့္အခါမွသာ မိမိတာ၀န္က်ရာေဆးရံုအေရးေပၚဌါနသို ့လာေရာက္ျပသခဲ့ပါတယ္။

မိမိအေနျဖင့္ လူနာရဲ ့ဒဏ္ရာရလက္အားျမင္လိုက္သည္ႏွင့္ျပင္းထန္ဆိုးရြားေနသည္ကိုသိလိုက္ျပီး လူနာအေနျဖင့္ဆီးခ်ိဳေရာဂါအခံလည္းရိွ၊အရက္ေသစာလည္းေသာက္စားေလ့ရိွသျဖင့္ အေျခအေနက အဆိုးဖက္သို ့သာတြန္းပို ့ေနသကဲ့သို ့ျဖစ္ေနပါတယ္။ မိမိအေနျဖင့္ ေဆးရံုမွခြဲစိတ္အထူးကူသမားေတာ္ႏွင့္ဆက္သြယ္တိုင္ပင္ျပီး လူနာအား လက္တံေတာင္ဆစ္မွအခ်ိန္မီွျဖတ္ေတာက္ပစ္ရန္ေျပာဆိုခဲ့သည့္အခါ လူနာအေနျဖင့္ လံုး၀လက္မခံႏိုင္ခဲ့ပါ။

ကုသေရးနယ္ပယ္မွအေတြ ့အႀကံဳအရမလိုလားအပ္ေသာ အျငင္းပြါးမွဳ မျဖစ္ပြါးေစရန္ လူနာကိုသာမက လူနာမိသားစု၀င္မ်ားကိုပါ အသက္အႏၱရာယ္အထိရိွေႀကာင္းကိုေျပာျပကာ သိရိွေႀကာင္းလက္မွတ္ေရးထိုးေစခဲ့ပါတယ္။အထက္ပါလူနာဟာ ပဋိဇီ၀ပိုးသတ္ေဆးမ်ားျဖင့္အစြမ္းကုန္ကုသခဲ့ေသာလည္း ေနာက္ ၂ရက္အႀကာတြင္ Sepsis (တကိုယ္လံုးပိုးဆိပ္သင့္ျခင္း)ျဖင့္ေသဆံုးခဲ့ရပါတယ္။ လက္ေတြ ့ကုသေရးနယ္ပယ္မွသာဓကတစ္ခုကိုသာထုတ္ႏွဳတ္ေဖၚျပျခင္းျဖစ္ပါတယ္။

အိမ္ရွင္မမ်ား၊စားဖိုမွဴ းမ်ားအေနျဖင့္မီးဖိုေခ်ာင္၌ ငါး၊ပုဇြန္၊ဂဏန္၊ခရု စသည့္ေရသတၱ၀ါမ်ားအားကိုင္တြယ္စဥ္ထိခိုက္ဒဏ္ရာရရိွခဲ့ေသာအခါ /ပင္လယ္ေခ်ာင္းကမ္း၌ေရစိမ္ေဆာ့ကစားစဥ္ထိခိုက္ဒဏ္ရာရခဲ့ေသာအခါ-

၁။ ဒဏ္ရာအားေရျဖင့္စင္ႀကယ္စြာေဆးေႀကာျပီး နီးစပ္ရာေဆးရံု၊ေဆးခန္းသို ့သြားေရာက္ျပီး ျပသပါ။

၂။ ေဆးရံု၊ေဆးခန္းမသြားမွီလူအမ်ားစုမွလုပ္ေလ့ရိွသည့္ Handyplast/ Wire tape မ်ားျဖင့္အထပ္ထပ္ရစ္ပတ္/အလံုပိတ္စည္းေႏွာင္ထားျခင္း စသည့္မွားယြင္းေသာအေလ့အထကိုေရွာင္ႀကဥ္ပါ။ ဒဏ္ရာရတစ္သၽွဴ းအေနျဖင့္ေလ၀င္၊ေလထြက္ေအာက္စီဂ်င္ရရိွရန္လိုအပ္သျဖင့္ သန္ ့စင္သည့္ပိတ္စ၊ပတ္တီးခ်ပ္တို ့ျဖင့္ပံုမွန္ဖံုးအုပ္ျခင္းျဖင့္လံုေလာက္ပါတယ္။

၃။သမားေတာ္ျဖင့္တိုင္ပင္ျပီးလိုအပ္ပါက ေမးခိုင္ကာကြယ္ေဆးထိုးႏွံပါ။

၄။သမားေတာ္ညႊန္ႀကားသည့္အတိုင္း အထက္ေဖၚျပပါေရတြင္းေပါက္ဖြါးသည့္ေရာဂါပိုးအားႏိုင္နင္းသည့္အထူးျပဳ ပဋိဇီ၀ေဆး၀ါးအားအခ်ိန္မွီသံုးစြဲပါ။

၅။ကနဦးဖြင့္ေပးေသာ ပဋိဇီ၀ေဆး၀ါးမ်ားအားသံုးစြဲသည့္တိုင္ ၂၄နာရီအတြင္း ေရာဂါလကၡဏာျပင္းထန္လာျခင္း(ဥပမာ ေရာင္ကိုင္းနီျမန္းပူေလာင္သည့္ဧရိယာက်ယ္ျပန္ ့လာျခင္း၊ေသြးေျခဥမ်ားထြက္ေပၚလာျခင္း)၊ေ၀ဒနာမသက္သာသကဲ့သို ့ခံစားခဲ့ရပါက ေဆးရံုႀကီးအေရးေပၚဌါန/ကူးစက္ပိုးမႊါးအထူးျပဳ သမားေတာ္ (Infectious Disease Specialist)ထံသို ့အျမန္ဆံုးျပသရပါမည္။

*** က်မ္းမာေရးအသိရိွျခင္း, ႀကိဳတင္ကာကြယ္ျခင္း, စည္းကမ္းတက်ေနထိုင္ျခင္းတို ့ျဖင့္မိတ္ေဆြသဂၤဟအေပါင္း နိဒုကၡာ နိဗၻယာ နိေႆ ာ ာကာ ျဖစ္ႀကပါေစသတည္း။ Dr.Myo Tun (Emergency & Critical Department)

credit to original writer

focusmyanmar

ထိုင်ဝမ်မှအိမ်ရှင်မအမျိုးသမီးတစ်ဦးဟာ မီးဖိုချောင်၌ချက်ပြုတ်ခါနီး ဝယ်ယူလာသည့်ငါးအား ကြေးခွံခွါ/ပြင်ဆင်နေစဉ် လက်ညှိုးတွင်မတော်တဆထိုးသွင်းဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါအမျိုးသမီးအနေဖြင့် သာမာန်ဒဏ်ရာရမှု အနေနဲ့သာသဘောထားခဲ့ပြီး ဒဏ်ရာအားဆေးကြောပြီးနောက် နေအိမ်တွင်ရှိသောဆေးမြီးတိုနည်းဖြင့်သာလိမ်းကျံထားခဲ့ပါတယ်။

နောက်တနေ့အိပ်ရာထသည့်အခါ သူမ၏လက်တခုလုံးဟာ ပုံပါအတိုင်းရောင်ကိုင်းနီမြန်းလျက်ပူလောင်ကိုက်ခဲနေတာကိုတွေ့ရှိရသဖြင့် နီးစပ်ရာဆေးရုံသို့သွားရောက်ပြသသည့်အခါ “Cellulitis” ခေါ် အရေပြားအောက်တစ်သျှူ းလွှာတလျှောက် ပိုးဝင်ရောက်ပျံ့နှံ့ခြင်းဖြစ်နေကြောင်းသိရှိခဲ့ရပါတယ်။

လက်တွေ့ကုသရေးနယ်ပယ်တွင် အထက်ပါ “Cellulitis” အထိဖြစ်စေနိုင်သောအကြောင်းရင်းဖြစ်စဉ်မနည်းလှသောလည်း အထက်ပါကဲ့သို့ ရေသတ္တဝါမှတဆင့်ထိခိုက်ဒဏ်ရာရခြင်းမှဖြစ်လာခဲ့ပါက အထူးသတိပြုသင့်ပြီး ၁၀၀% မဖြစ်မနေပြသကုသမှု ခံယူရန်လိုအပ်ကြောင်းပြောလိုပါတယ်။

အဘယ့်ကြောင့်ဆိုသော ပြင်းထန်ခဲ့ပါက ဒဏ်ရာရခဲ့သည့် ခန္ဓာကိုယ်အစိတ်အပိုင်း(အထူးသဖြင့် ခြေ၊လက်)အား ဖြတ်တောက်ပစ်ရသည်အထိဆောင်ရွက်ရတတ်ပြီး မဖြတ်လိုပါကလည်းအသက်သေဆုံးနိုင်သည်အထိကိုပေးဆပ်ရန်ပြင်ဆင်ထားရပါတယ်။

လက်အနာ

အဓိကအကြောင်းရင်းကတော့ ရေထဲတွင်တည်ရှိနေသောပိုးမွှားများအနက် Vibrio Vulnificus ခေါ်ရောဂါပိုးဝင်ရောက်ခံခဲ့ရပါက အထက်ပါကဲ့သို့နာရီပိုင်းအတွင်းလျင်မြန်စွာကြီးထွားရောင်ကိုင်းလာခြင်း၊အညို ပုပ်ရောင်သွေးရေကြည်ဥများထွက်ပေါ်လာခြင်း ဖြစ်တတ်ပါတယ်။ အချိန်မှီကုသစစ်ဆေးမှု ရရှိခဲ့သော် ထိရောက်သည့်ပဋိဇီဝပိုးသတ်ဆေးဝါးများ၊လိုအပ်သည့်အခါ Fasciotomy ခေါ်ပုံပါအတိုင်းရောဂါပိုးဝင်ရောက်ပျံ့နှံ့နေသည့်ခြေ၊လက်အားအမြှောင်းလိုက်ခွဲစိတ်ဖွင့်ထုတ်ရခြင်း တို့လုပ်ဆောင်ရလေ့ရှိပါတယ်။

ထိုမျှဖြင့်မရဘဲ ပိုမိုပြင်းထန်သည့်အခါမှလာရောက်ပြသသည့်အခါ ဖြစ်ပွါးနေသည့် လက်၊ခြေတို့အား အချိန်မှီဖြတ်တောက်ပစ်ရန်လိုအပ်ပြီး သို့မဟုတ်ပါက ခန္ဓာကိုယ်တခုလုံးသို့ပိုးဆိပ်ပျံ့နှံ့ပြီး Septic Shock ဖြင့်သေဆုံးရတတ်ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက မိမိကိုယ်တိုင်ကြုံ တွေ့ခဲ့ဘူးသောဖြစ်စဉ်များရှိပါတယ်။ ငါးမွေးလုပ်ငန်းလုပ်ကိုင်သည့်လူလတ်ပိုင်းအမျိုးသားတစ်ဦးဟာ အရွယ်ရောက်ငါးများအားထုတ်ယူရောင်းချရန်ကိုင်တွယ်လုပ်ဆောင်စဉ် လက်ဝါးပြင်၌ငါးပါးဟက်ဖြင့်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဒဏ်ရာအား အမှုမဲ့အမှတ်မဲ့သာထားခဲ့ပြီး ၃ရက်မြောက်နေ့တွင်မခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲလာသည့်အခါမှသာ မိမိတာဝန်ကျရာဆေးရုံအရေးပေါ်ဌါနသို့လာရောက်ပြသခဲ့ပါတယ်။

မိမိအနေဖြင့် လူနာရဲ့ဒဏ်ရာရလက်အားမြင်လိုက်သည်နှင့်ပြင်းထန်ဆိုးရွားနေသည်ကိုသိလိုက်ပြီး လူနာအနေဖြင့်ဆီးချိုရောဂါအခံလည်းရှိ၊အရက်သေစာလည်းသောက်စားလေ့ရှိသဖြင့် အခြေအနေက အဆိုးဖက်သို့သာတွန်းပို့နေသကဲ့သို့ဖြစ်နေပါတယ်။ မိမိအနေဖြင့် ဆေးရုံမှခွဲစိတ်အထူးကူသမားတော်နှင့်ဆက်သွယ်တိုင်ပင်ပြီး လူနာအား လက်တံတောင်ဆစ်မှအချိန်မှီဖြတ်တောက်ပစ်ရန်ပြောဆိုခဲ့သည့်အခါ လူနာအနေဖြင့် လုံးဝလက်မခံနိုင်ခဲ့ပါ။

ကုသရေးနယ်ပယ်မှအတွေ့အကြုံအရမလိုလားအပ်သော အငြင်းပွါးမှု မဖြစ်ပွါးစေရန် လူနာကိုသာမက လူနာမိသားစုဝင်များကိုပါ အသက်အန္တရာယ်အထိရှိကြောင်းကိုပြောပြကာ သိရှိကြောင်းလက်မှတ်ရေးထိုးစေခဲ့ပါတယ်။အထက်ပါလူနာဟာ ပဋိဇီဝပိုးသတ်ဆေးများဖြင့်အစွမ်းကုန်ကုသခဲ့သောလည်း နောက် ၂ရက်အကြာတွင် Sepsis (တကိုယ်လုံးပိုးဆိပ်သင့်ခြင်း)ဖြင့်သေဆုံးခဲ့ရပါတယ်။ လက်တွေ့ကုသရေးနယ်ပယ်မှသာဓကတစ်ခုကိုသာထုတ်နှုတ်ဖေါ်ပြခြင်းဖြစ်ပါတယ်။

အိမ်ရှင်မများ၊စားဖိုမှူ းများအနေဖြင့်မီးဖိုချောင်၌ ငါး၊ပုဇွန်၊ဂဏန်၊ခရု စသည့်ရေသတ္တဝါများအားကိုင်တွယ်စဉ်ထိခိုက်ဒဏ်ရာရရှိခဲ့သောအခါ /ပင်လယ်ချောင်းကမ်း၌ရေစိမ်ဆော့ကစားစဉ်ထိခိုက်ဒဏ်ရာရခဲ့သောအခါ-

၁။ ဒဏ်ရာအားရေဖြင့်စင်ကြယ်စွာဆေးကြောပြီး နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြီး ပြသပါ။

၂။ ဆေးရုံ၊ဆေးခန်းမသွားမှီလူအများစုမှလုပ်လေ့ရှိသည့် Handyplast/ Wire tape များဖြင့်အထပ်ထပ်ရစ်ပတ်/အလုံပိတ်စည်းနှောင်ထားခြင်း စသည့်မှားယွင်းသောအလေ့အထကိုရှောင်ကြဉ်ပါ။ ဒဏ်ရာရတစ်သျှူ းအနေဖြင့်လေဝင်၊လေထွက်အောက်စီဂျင်ရရှိရန်လိုအပ်သဖြင့် သန့်စင်သည့်ပိတ်စ၊ပတ်တီးချပ်တို့ဖြင့်ပုံမှန်ဖုံးအုပ်ခြင်းဖြင့်လုံလောက်ပါတယ်။

၃။သမားတော်ဖြင့်တိုင်ပင်ပြီးလိုအပ်ပါက မေးခိုင်ကာကွယ်ဆေးထိုးနှံပါ။

၄။သမားတော်ညွှန်ကြားသည့်အတိုင်း အထက်ဖေါ်ပြပါရေတွင်းပေါက်ဖွါးသည့်ရောဂါပိုးအားနိုင်နင်းသည့်အထူးပြု ပဋိဇီဝဆေးဝါးအားအချိန်မှီသုံးစွဲပါ။

၅။ကနဦးဖွင့်ပေးသော ပဋိဇီဝဆေးဝါးများအားသုံးစွဲသည့်တိုင် ၂၄နာရီအတွင်း ရောဂါလက္ခဏာပြင်းထန်လာခြင်း(ဥပမာ ရောင်ကိုင်းနီမြန်းပူလောင်သည့်ဧရိယာကျယ်ပြန့်လာခြင်း၊သွေးခြေဥများထွက်ပေါ်လာခြင်း)၊ဝေဒနာမသက်သာသကဲ့သို့ခံစားခဲ့ရပါက ဆေးရုံကြီးအရေးပေါ်ဌါန/ကူးစက်ပိုးမွှါးအထူးပြု သမားတော် (Infectious Disease Specialist)ထံသို့အမြန်ဆုံးပြသရပါမည်။

*** ကျမ်းမာရေးအသိရှိခြင်း, ကြိုတင်ကာကွယ်ခြင်း, စည်းကမ်းတကျနေထိုင်ခြင်းတို့ဖြင့်မိတ်ဆွေသင်္ဂဟအပေါင်း နိဒုက္ခာ နိဗ္ဘယာ နိေဿ ာ ာကာ ဖြစ်ကြပါစေသတည်း။ Dr.Myo Tun (Emergency & Critical Department)

credit to original writer

focusmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*