အဆီျပန္လြန္းလို႔ စိတ္ဆင္းရဲေနရတယ္ဆုိရင္ ဒီ (၈) ခ်က္နဲ႔ ရင္ဆုိင္ပါ

သဘာဝ ေပါင္းတင္နည္း ေတြလည္း ရွိေသးတယ္။”မ်က္ႏွာ အဆီျပန္ လြန္းလို႔ လူဆီထုတ္ၿပီးေတာ့သာ ေရာင္းပလိုက္ခ်င္ေတာ့တယ္”လို႔မ်ား ညည္းညဴလိုက္ရေတာ့မလားပဲေနာ္။

တကယ္ပါ မ်က္ႏွာ အဆီျပန္ ပံုမ်ားကေတာ့ အိပ္ရာႏိုး လည္းအဆီတဝင္းဝင္း၊ မိတ္ကပ္ လိမ္းထားလည္း အဆီေလး တဝင္းဝင္းနဲ႔။

ဒီလို အဆီျပန္ တဲ့ဒုကၡကို ရင္ဆုိင္ဖုိ႔ကေတာ့ မ်က္ႏွာသစ္ တာအစ အစားအေသာက္ အဆံုး အားလံုးကို ဂ႐ုစိုက္ေပးမွ ေတာ္ကာၾကပါလိမ့္မယ္ေနာ္။

၁။ မ်က္ႏွာသစ္ ရင္

မ်က္ႏွာသစ္ တဲ့အခါ ေရေႏြးေႏြး ေလးကိုသံုးသင့္ပါတယ္။ ေခၽြးေပါက္ ပိတ္တာကိုလည္း ႐ွင္းေပးႏိုင္ေတာ့ အေရျပားမွာအဆီေတြ ကပ္မေနေတာ့ဘူး။

မ်က္ႏွာသစ္ေဆး ကိုေတာ့ alcohol မပါတာကို ေရြးပါ။

၂။ Exfoliation

Exfoliate လုပ္တယ္ဆုိတာ အေရျပား ေပၚက အညစ္အေၾကး ေတြကို သန္႔စင္သြားေအာင္ ႐ွင္းလင္းေပးၿပီး အသားအေရၾကည္လင္ေအာင္ လုပ္ေပးတာကို ေခၚတာပါ။

ဆားဝက္ ျခံ နဲ႔ ဆဲလ္ေသေတြကို ဖယ္ရွားေပးတာလည္း ျဖစ္ပါတယ္။

ေၾကးခၽြတ္ေပးတဲ့ သေဘာ ပါပဲ။ တစ္ပတ္ကို ၂ ႀကိမ္ထက္ေတာ့ ပိုမလုပ္ပါနဲ႔။

၃။ သဘာဝ ေပါင္းတင္နည္း

သခြားသီးေလးကပ္ေပးတာမ်ိဳး၊ အာလူးကပ္ေပးတာမ်ိဳးေပါ့။ တျခား ေပါင္းတင္နည္း ေတြလည္း အမ်ားႀကီး႐ွိတာပဲ။

နမူနာေျပာရရင္ ဒိန္ခ်ဥ္နဲ႔ပ်ားရည္ေလးကို ေရာၿပီး မ်က္ႏွာကိုလိမ္းေပးတာမ်ိဳးဟာ သဘာဝ ေပါင္းတင္နည္း တစ္ခုပဲမဟုတ္လား။

၄။ မိတ္ကပ္ ေလွ်ာ့

အဆီျပန္ တတ္သူေတြက မိတ္ကပ္ ထူထူလိမ္းဖုိ႔ မသင့္ဘူးေနာ္။

မိတ္ကပ္ မ်ားမ်ားလူးေတာ့ ေမြးညႇင္းေပါက္ေတြထဲမွာ စုၿပံဳပိတ္မိၿပီး အဆီ ေတြစုေနကာ အဆီျပန္ျခင္းကို ဆုိးရြားေစႏုိင္ပါတယ္။

မိတ္ကပ္ လိမ္းၿပီးတုိင္းလည္း ေျပာင္စင္ေအာင္ဖ်က္ၿပီးမွ အိပ္ရာဝင္ရပါမယ္။

၅။ လက္ကိုထိန္း

ကိုယ့္ မ်က္ႏွာေလး ကို လက္ေလးနဲ႔ တကိုင္ကိုင္ မလုပ္ပါနဲ႔။ ကိုယ္လည္းမကိုင္နဲ႔ ၊ သူမ်ားကိုင္တာလည္းမခံနဲ႔။

လက္မွာကပ္ေနတဲ့ အညစ္အေၾကး ေတြက မ်က္ႏွာ ကိုကပ္သြားၿပီး ဖုန္နဲ႔အညစ္အေၾကးေတြ၊ ဘက္တီးရီးယားေတြကို အဆီပိုျပန္ေစပါတယ္။

၆။ Toner

အဆီျပန္ သူေတြ မရွိမျဖစ္ ေဆာင္ထားရမွာက toner ျဖစ္ပါတယ္။

မ်က္ႏွာ သစ္ၿပီးတုိင္း toner လိမ္းေပးပါ။

မ်က္ႏွာသစ္ၿပီးတာေတာင္ ေခၽြးေပါက္ ထဲမွာက်န္ေနေသးတဲ့ အညစ္အေၾကး ေတြဟာ toner လိမ္းေပးလိုက္တဲ့အခါ ထြက္သြားပါလိမ့္မယ္။

မယံုရင္ toner ပြတ္ၿပီးထားတဲ့ ဂြမ္းစေလးကိုၾကည့္လိုက္။

၇။ ေဆးပါတဲ့တစ္ရႈးစကၠဴ

မ်က္ႏွာ သစ္ ၿပီးတာေအာင္ အဆီ ေတြအရမ္းျပန္ေနတယ္ဆုိရင္ အေရျပား ပညာ႐ွင္ ေတြ ညႊန္းထားတဲ့ ေဆးပါတဲ့တစ္႐ႈးစကၠဴ (medicated pads/tissue)ေတြကို အသံုးျပဳပါ။

၈။ အစားအေသာက္

အဆီ မ်ားတဲ့အစားအစာေတြ၊ ဆီေၾကာ္မုန္႕ေတြနဲ႔ အခ်ိဳ၊ အငန္ကို ေလွ်ာ့စားဖုိ႔လည္း လိုပါမယ္။

ဒါေတြက မ်က္နွာကို အဆီျပန္ေစၿပီး ဝက္ျခံ နဲ႔တင္းတိပ္ေတြ ျဖစ္လာေစပါတယ္။ ဟင္းသီးဟင္းရြက္ မ်ားမ်ားစားပါ။ အစိမ္းေရာင္ သီးႏွံေတြကို မ်ားမ်ားစားပါ။

Credit: Duwun

Unicode >>>

အဆီပြန် လွန်းလို့ စိတ်ဆင်းရဲနေရတယ်ဆိုရင် ဒီ (၈) ချက်နဲ့ ရင်ဆိုင်ပါ

သဘာဝ ပေါင်းတင်နည်း တွေလည်း ရှိသေးတယ်။”မျက်နှာ အဆီပြန် လွန်းလို့ လူဆီထုတ်ပြီးတော့သာ ရောင်းပလိုက်ချင်တော့တယ်”လို့များ ညည်းညူလိုက်ရတော့မလားပဲနော်။

တကယ်ပါ မျက်နှာ အဆီပြန် ပုံများကတော့ အိပ်ရာနိုး လည်းအဆီတဝင်းဝင်း၊ မိတ်ကပ် လိမ်းထားလည်း အဆီလေး တဝင်းဝင်းနဲ့။

ဒီလို အဆီပြန် တဲ့ဒုက္ခကို ရင်ဆိုင်ဖို့ကတော့ မျက်နှာသစ် တာအစ အစားအသောက် အဆုံး အားလုံးကို ဂရုစိုက်ပေးမှ တော်ကာကြပါလိမ့်မယ်နော်။

၁။ မျက်နှာသစ် ရင်

မျက်နှာသစ် တဲ့အခါ ရေနွေးနွေး လေးကိုသုံးသင့်ပါတယ်။ ချွေးပေါက် ပိတ်တာကိုလည်း ရှင်းပေးနိုင်တော့ အရေပြားမှာအဆီတွေ ကပ်မနေတော့ဘူး။

မျက်နှာသစ်ဆေး ကိုတော့ alcohol မပါတာကို ရွေးပါ။

၂။ Exfoliation

Exfoliate လုပ်တယ်ဆိုတာ အရေပြား ပေါ်က အညစ်အကြေး တွေကို သန့်စင်သွားအောင် ရှင်းလင်းပေးပြီး အသားအရေကြည်လင်အောင် လုပ်ပေးတာကို ခေါ်တာပါ။

ဆားဝက် ခြံ နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာလည်း ဖြစ်ပါတယ်။

ကြေးချွတ်ပေးတဲ့ သဘော ပါပဲ။ တစ်ပတ်ကို ၂ ကြိမ်ထက်တော့ ပိုမလုပ်ပါနဲ့။

၃။ သဘာဝ ပေါင်းတင်နည်း

သခွားသီးလေးကပ်ပေးတာမျိုး၊ အာလူးကပ်ပေးတာမျိုးပေါ့။ တခြား ပေါင်းတင်နည်း တွေလည်း အများကြီးရှိတာပဲ။

နမူနာပြောရရင် ဒိန်ချဉ်နဲ့ပျားရည်လေးကို ရောပြီး မျက်နှာကိုလိမ်းပေးတာမျိုးဟာ သဘာဝ ပေါင်းတင်နည်း တစ်ခုပဲမဟုတ်လား။

၄။ မိတ်ကပ် လျှော့

အဆီပြန် တတ်သူတွေက မိတ်ကပ် ထူထူလိမ်းဖို့ မသင့်ဘူးနော်။

မိတ်ကပ် များများလူးတော့ မွေးညှင်းပေါက်တွေထဲမှာ စုပြုံပိတ်မိပြီး အဆီ တွေစုနေကာ အဆီပြန်ခြင်းကို ဆိုးရွားစေနိုင်ပါတယ်။

မိတ်ကပ် လိမ်းပြီးတိုင်းလည်း ပြောင်စင်အောင်ဖျက်ပြီးမှ အိပ်ရာဝင်ရပါမယ်။

၅။ လက်ကိုထိန်း

ကိုယ့် မျက်နှာလေး ကို လက်လေးနဲ့ တကိုင်ကိုင် မလုပ်ပါနဲ့။ ကိုယ်လည်းမကိုင်နဲ့ ၊ သူများကိုင်တာလည်းမခံနဲ့။

လက်မှာကပ်နေတဲ့ အညစ်အကြေး တွေက မျက်နှာ ကိုကပ်သွားပြီး ဖုန်နဲ့အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို အဆီပိုပြန်စေပါတယ်။

၆။ Toner

အဆီပြန် သူတွေ မရှိမဖြစ် ဆောင်ထားရမှာက toner ဖြစ်ပါတယ်။

မျက်နှာ သစ်ပြီးတိုင်း toner လိမ်းပေးပါ။

မျက်နှာသစ်ပြီးတာတောင် ချွေးပေါက် ထဲမှာကျန်နေသေးတဲ့ အညစ်အကြေး တွေဟာ toner လိမ်းပေးလိုက်တဲ့အခါ ထွက်သွားပါလိမ့်မယ်။

မယုံရင် toner ပွတ်ပြီးထားတဲ့ ဂွမ်းစလေးကိုကြည့်လိုက်။

၇။ ဆေးပါတဲ့တစ်ရှုးစက္ကူ

မျက်နှာ သစ် ပြီးတာအောင် အဆီ တွေအရမ်းပြန်နေတယ်ဆိုရင် အရေပြား ပညာရှင် တွေ ညွှန်းထားတဲ့ ဆေးပါတဲ့တစ်ရှုးစက္ကူ (medicated pads/tissue)တွေကို အသုံးပြုပါ။

၈။ အစားအသောက်

အဆီ များတဲ့အစားအစာတွေ၊ ဆီကြော်မုန့်တွေနဲ့ အချို၊ အငန်ကို လျှော့စားဖို့လည်း လိုပါမယ်။

ဒါတွေက မျက်နှာကို အဆီပြန်စေပြီး ဝက်ခြံ နဲ့တင်းတိပ်တွေ ဖြစ်လာစေပါတယ်။ ဟင်းသီးဟင်းရွက် များများစားပါ။ အစိမ်းရောင် သီးနှံတွေကို များများစားပါ။

Credit: Duwun