Zawgyi
Credit – myanmarload
Unicode
စိုင်းစိုင်းအကျီင်္ကို ကတ်ကြေးနဲ့ ဆွဲဖြဲလိုက်တဲ့ ဖွေးဖွေး
မြန်မာနိုင်ငံက ထိပ်တန်းမင်းသမီးတွေထဲက တစ်လက်ဖြစ်တဲ့ မင်းသမီးလေး ဖွေးဖွေး နဲ့ အောင်မြင်မှုကို အချိန်ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပြီး အရွယ်သုံးပါးအားပေးတာခံရတဲ့ နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့က ခင်မင်ရင်းနှီးသူတွေဆိုတာ သူတို့ရဲ့ ပရိတ်သတ်တော်တော်များများက သိရှိကြပါတယ် ။ မကြာခင်မှာ စိုင်းစိုင်းရဲ့ ” စိုင်းစိုင်း ဟုခေါ်သည် ” သီချင်းခွေလေးကို ဖြန့်ချိတော့မှာပါ ။
တစ်နှစ်မှ တစ်ခါသာ တစ်ကိုယ်တော်အခွေ ထုတ်တတ်သူမို့ သူ့ပရိတ်သတ်တွေကလည်း အခွေမထွက်ခင်ထဲက ကြိုတင်ဝန်းရံကြပါတယ် ။ စိုင်းစိုင်းက သူငယ်ချင်းမိတ်ဆွေတွေအတွက် ” စိုင်းစိုင်း ဟုခေါ်သည် ” အမှတ်တရ အကျင်္ီလေးတွေ ထုတ်ပြီး လက်ဆောင်ပေးတာမို့ ဒီ အကျီင်္လေးတွေနဲ့ ပုံလေးတွေ ရိိုက်ပြီး လူမှုကွန်ယက်ပေါ်တင်ကာ စိုင်းစိုင်းကို အားပေးကြပါတယ် ။
ဝန်းရံသူတွေထဲ မင်းသမီးလေး ဖွေးဖွေးလဲ တစ်ယောက်အပါအဝင်ပါ ။ ဖက်ရှင်မှာ လူစိတ်ဝင်စားခံရတဲ့ ထိပ်တန်းမင်းသမီးပီပီ စိုင်းစိုင်းရဲ့ လက်ဆောင် အကျီင်္လေးကို ဖွေးဖွေးကတော့ ဒီတိုင်းမဝတ်ဘဲ ကတ်ကြေးနဲ့ ဖြဲပြီး ဒီဇိုင်းသစ် ထွင်ဝတ်ပြခဲ့တာပါ ။ နဂိုလှတဲ့ မင်းသမီးလေးမို့ တီရှပ်လေးကို ဒီဇိုင်းပြောင်းဝတ်ပြန်တော့လဲ လန်းနေရောပါပဲ ။ ဖွေးဖွေးရဲ့ ဒီဇိုင်းလေးကို ပရိတ်သတ်တွေကတော့ သဘောကျနေကြလေရဲ့ … Myanmarload ပရိတ်သတ်ကြီးရော ဘယ်လိုသဘောရလဲဗျိုး ?
သတင်းအရင်းမြစ် : Phway Phway
Be the first to comment
Leave a Reply
Your email address will not be published.
*