အနာဂတ္ခင္ပြန္းေလာင္းထံသို႔….ကြ်န္မ၏ ၾကိဳတင္အသိေပးစာ

ကြ်န္မအတြက္ျဖစ္လာမယ့္ အနာဂတ္ခင္ပြန္းေလာင္းက ဘယ္သူလဲေတာ့ ကြ်န္မမသိဘူး။ ဒါေပမယ့္ တစ္ခ်ိန္မွာ ကြ်န္မဟာ တစ္စံုတစ္ဦးကို လက္ထပ္ဖို႔ထိ ေရြ်းခ်ယ္ခဲ့မိျပီဆိုလွ်င္ သူ႔ကိုၾကိဳတင္သတိေပးခ်င္တာကေတာ့ ဒါေတြနဲ႔ ပတ္သတ္ျပီး ကြ်န္မကို မေဝဖန္ဖို႔ပါပဲ။ လူတိုင္းကေတာ့ ေပ်ာ္ရႊင္စရာအဆံုးသတ္ေတြပဲ ျဖစ္ခ်င္ၾကတာေပါ့။ ကြ်န္မလည္း ဒီအတိုင္းပဲ။ ဒီေတာ့ ကြ်န္မရဲ႔ အနာဂတ္ခင္ပြန္းေလာင္းအေနနဲ႔ ကြ်န္မတို႔နွစ္ေယာက္အတြက္ ေပ်ာ္ရႊင္စရာအဆံုးသတ္ေလး ျဖစ္နိုင္ဖို႔ ဒါေတြကို ၾကိဳျပီး သိထားေစခ်င္မိပါတယ္။

၁။ကြ်န္မရဲ႕ အတိတ္က ခ်စ္ေရးခ်စ္ရာကိစၥ

ကြ်န္မဟာ ရွင္နဲ႔မေတြ႕ခင္ အတိတ္မွာ ရည္းစားေတြ ထားခဲ့ခ်င္ထားခဲ့မိမယ္။ ဒါဟာ ေနာင္တရစရာကိစၥတစ္ခုလို႔ ကြ်န္မမျမင္သလို အရင္တုန္းကရွိခဲ့တဲ့ အသိဥာဏ္နဲ႔ အခုအသိဥာဏ္နဲ႔လည္း မတူေတာ့ဘူး။ သို႔ေသာ္ ဒီအတိတ္ေၾကာင့္ ရရွိလိုက္တဲ့ အေတြ႕အၾကံဳေတြေၾကာင့္ ကြ်န္မရဲ႔ relationship ကို ဘယ္လုိခိုင္ၿမဲေအာင္ လုပ္ရမလဲဆိုတာကို သိခြင့္ရလာတဲ့အတြက္ေတာ့ ေက်းဇူးတင္မိတယ္။ ဘယ္လိုလူမ်ိဳးကို ဘဝလက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္သင့္တယ္ဆိုတာကို သိလာရလို႔လည္း ရွင့္ကို လက္ထပ္ဖို႔အထိ ဆံုးျဖတ္ခဲ့တာပါ။ ဒါ့ေၾကာင့္ အတိတ္ကျဖစ္ရပ္ေတြကို ခဏခဏတူးဆြျပီး ျပႆနာလုပ္ေနမယ္ဆိုရင္ေတာ့ ကြ်န္မအဆင္မေျပပါဘူး။

၂။အပ်ိဳ စစ္၊မစစ္ ကိစၥ

တစ္ခုေတာ့ ပြင့္ပြင့္လင္းလင္းပဲ ၾကိဳေျပာခ်င္ပါတယ္။ မဂၤလာဦးညမွာ ေသြးထြက္၊မထြက္ ကိစၥနဲ႔ပတ္သတ္ျပီး ကြ်န္မရဲ႔ ကိုယ္က်င့္သိကၡာကို ဆံုးျဖတ္လိုက္မယ္ဆိုလွ်င္ေတာ့ အခုတည္းက ေဝးေဝးေနေပးပါ။

၃။ကိုယ္ပိုင္အခ်ိန္

ကြ်န္မ ကိုယ္ပိုင္အခ်ိန္ရွိျခင္းကို သေဘာက်တယ္။ ကြ်န္မတစ္ခါတစ္ေလ နာရီအနည္းငယ္ေလာက္ တစ္ေယာက္တည္းေနခ်င္တယ္လို႔ ေျပာတဲ့အခါ အဲ့ဒါဟာ ရွင့္ကိုမခ်စ္ဘူးလို႔ အဓိပၸါယ္ မမွတ္ယူေစခ်င္သလို ကြ်န္မတို႔ရဲ႕ အခ်စ္ေရးကိစၥကိုလည္း ျငီးေငြ႕ေနျခင္း မဟုတ္ပါဘူး။ ကြ်န္မရဲ႕ အလုပ္ကိစၥ၊ ဝါသနာေတြကို လုပ္ဖို႔ျဖစ္နိုင္သလို ဘာဆုိဘာမွမစဥ္းစားဘဲ ထိုင္ေနခ်င္လို႔လည္း ျဖစ္ပါတယ္။ ကြ်န္မကိုယ္ကြ်န္မ နားလည္ေအာင္လုပ္ေနတယ္လို႔ပဲ ယူဆေပးပါ။ ဒါပါပဲ။

၄။ကြ်န္မရဲ႕မိဘ

ရွင္နဲ႔လက္ထပ္ျပီးသြားလွ်င္ ရွင့္ရဲ႕ မိသားစု၊ မိဘေတြကို ကြ်န္မမိဘသဖြယ္ ရိုေသေလးစားမႈကို ေပးရမယ္ဆိုတာကို ကြ်န္မ သိနားလည္ထားပါတယ္။ ဒါေပမယ့္ ရွင့္ကိုမေမ့ေစခ်င္တာကေတာ့ ကြ်န္မမွာလည္း မိသားစု ရွိတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ ကြ်န္မမိသားစုမွာ အကူအညီ လိုအပ္ေနတဲ့အခါ (သို႔) သူတို႔ကို အခ်ိန္ေပးခ်င္တဲ့အခါမ်ိဳးမွာ ေက်းဇူးျပဳျပီး ကြ်န္မကို တာဝန္မေက်ပြန္၊ မသိတတ္တဲ့ ဇနီးျဖစ္ေအာင္ မလုပ္လိုက္ပါနဲ႔။ ရွင့္မိသားစုကို ကြ်န္မရဲ႕ မိသားစုဝင္အသစ္အျဖစ္ တန္ဖိုးထားေပးမွာမို႔လို႔ ကြ်န္မမိသားစုကိုလည္း တန္ျပန္ တန္ဖိုးထားေပးပါ။

၅။ကြ်န္မရဲ႕လြတ္လပ္ခြင့္

ခ်စ္လွစြာေသာ အနာဂတ္ခင္ပြန္းေလာင္းရွင့္။ သင္ဟာ ေခတ္ေနာက္က်မက်န္ခဲ့တဲ့ ေခတ္မွီေသာ အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ရတယ္ဆိုလွ်င္ေတာ့ သူ႔အတြက္ ထိုက္ေလ်ာက္တဲ့ လြတ္လပ္ခြင့္ကို ခ်ဳပ္ခ်ယ္ဖို႔ မၾကိဳးစားသင့္ပါဘူး။ အထူးသျဖင့္ ဒီဘက္ေခတ္ အမ်ိဳးသမီးအမ်ားစုဟာ အမ်ိဳးသားမ်ားနည္းတူ အျပင္ထြက္ျပီး အိမ္ေထာင့္တာဝန္ကို တဖက္တလွမ္းမွ တာဝန္ယူၾကရတာေၾကာင့္ မိန္းကေလးဆိုတာ အိမ္ထဲမွာပဲ ေနရမယ္ဆိုတဲ့ ဘိုးစဥ္ေဘာင္ဆက္ အေတြးအေခၚမ်ားကို ေမ့ေလ်ာ့ထားေပးပါ။

၆။အိမ္မႈကိစၥ

တစ္ခါတစ္ေလ ရံုးမွ အိမ္ျပန္ေနာက္က်တဲ့အခါမ်ိဳးမွာ ကိုယ္တိုင္ပန္းကန္ေဆးလိုက္ရတာကို စိတ္မရွိဖို႔ ေမွ်ာ္လင့္မိသလို ကြ်န္မေနထိုင္မေကာင္းျဖစ္တဲ့အခ်ိန္ မနက္စာ ခ်က္ျပဳတ္ျပင္ဆင္ေပးနိုင္မယ္လို႔လည္း ယံုၾကည္မိပါတယ္။ တစ္ခရီးတည္းအတူတူသြားရတာခ်င္းအတူတူ မိန္းမကိစၥ၊ ေယာက်္ားကိစၥ မခြဲျခားေစခ်င္ဘူး။ မယားဝတၱရားကို ေက်ပြန္ေအာင္ ထမ္းေဆာင္သလို ရွင့္ဘက္ကလည္း ကြ်န္မကို တတ္နိုင္သေလာက္ ကူညီေပးေစခ်င္ပါတယ္။ ဒါမွ ကြ်န္မတို႔ရဲ႕ အိမ္ေထာင္ေရးက Balance ညီတဲ့ အိမ္ေထာင္ေရးတစ္ခု ျဖစ္မွာပါ။

ခ်စ္လွစြာေသာ ခင္ပြန္းေလာင္းေရ ….. ဒါေတြကေတာ့ ကြ်န္မရွင့္ကို ၾကိဳတင္သိထားေစခ်င္တဲ့ အေၾကာင္းအရာေလးေတြပါပဲ။

CHAN (ေရႊအင္းေလး)

ကျွန်မအတွက်ဖြစ်လာမယ့် အနာဂတ်ခင်ပွန်းလောင်းက ဘယ်သူလဲတော့ ကျွန်မမသိဘူး။ ဒါပေမယ့် တစ်ချိန်မှာ ကျွန်မဟာ တစ်စုံတစ်ဦးကို လက်ထပ်ဖို့ထိ ရျွေးချယ်ခဲ့မိပြီဆိုလျှင် သူ့ကိုကြိုတင်သတိပေးချင်တာကတော့ ဒါတွေနဲ့ ပတ်သတ်ပြီး ကျွန်မကို မဝေဖန်ဖို့ပါပဲ။ လူတိုင်းကတော့ ပျော်ရွှင်စရာအဆုံးသတ်တွေပဲ ဖြစ်ချင်ကြတာပေါ့။ ကျွန်မလည်း ဒီအတိုင်းပဲ။ ဒီတော့ ကျွန်မရဲ့ အနာဂတ်ခင်ပွန်းလောင်းအနေနဲ့ ကျွန်မတို့နှစ်ယောက်အတွက် ပျော်ရွှင်စရာအဆုံးသတ်လေး ဖြစ်နိုင်ဖို့ ဒါတွေကို ကြိုပြီး သိထားစေချင်မိပါတယ်။

၁။ကျွန်မရဲ့ အတိတ်က ချစ်ရေးချစ်ရာကိစ္စ

ကျွန်မဟာ ရှင်နဲ့မတွေ့ခင် အတိတ်မှာ ရည်းစားတွေ ထားခဲ့ချင်ထားခဲ့မိမယ်။ ဒါဟာ နောင်တရစရာကိစ္စတစ်ခုလို့ ကျွန်မမမြင်သလို အရင်တုန်းကရှိခဲ့တဲ့ အသိဉာဏ်နဲ့ အခုအသိဉာဏ်နဲ့လည်း မတူတော့ဘူး။ သို့သော် ဒီအတိတ်ကြောင့် ရရှိလိုက်တဲ့ အတွေ့အကြုံတွေကြောင့် ကျွန်မရဲ့ relationship ကို ဘယ်လိုခိုင်မြဲအောင် လုပ်ရမလဲဆိုတာကို သိခွင့်ရလာတဲ့အတွက်တော့ ကျေးဇူးတင်မိတယ်။ ဘယ်လိုလူမျိုးကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တယ်ဆိုတာကို သိလာရလို့လည်း ရှင့်ကို လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့ကြောင့် အတိတ်ကဖြစ်ရပ်တွေကို ခဏခဏတူးဆွပြီး ပြဿနာလုပ်နေမယ်ဆိုရင်တော့ ကျွန်မအဆင်မပြေပါဘူး။

၂။အပျို စစ်၊မစစ် ကိစ္စ

တစ်ခုတော့ ပွင့်ပွင့်လင်းလင်းပဲ ကြိုပြောချင်ပါတယ်။ မင်္ဂလာဦးညမှာ သွေးထွက်၊မထွက် ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မရဲ့ ကိုယ်ကျင့်သိက္ခာကို ဆုံးဖြတ်လိုက်မယ်ဆိုလျှင်တော့ အခုတည်းက ဝေးဝေးနေပေးပါ။

၃။ကိုယ်ပိုင်အချိန်

ကျွန်မ ကိုယ်ပိုင်အချိန်ရှိခြင်းကို သဘောကျတယ်။ ကျွန်မတစ်ခါတစ်လေ နာရီအနည်းငယ်လောက် တစ်ယောက်တည်းနေချင်တယ်လို့ ပြောတဲ့အခါ အဲ့ဒါဟာ ရှင့်ကိုမချစ်ဘူးလို့ အဓိပ္ပါယ် မမှတ်ယူစေချင်သလို ကျွန်မတို့ရဲ့ အချစ်ရေးကိစ္စကိုလည်း ငြီးငွေ့နေခြင်း မဟုတ်ပါဘူး။ ကျွန်မရဲ့ အလုပ်ကိစ္စ၊ ဝါသနာတွေကို လုပ်ဖို့ဖြစ်နိုင်သလို ဘာဆိုဘာမှမစဉ်းစားဘဲ ထိုင်နေချင်လို့လည်း ဖြစ်ပါတယ်။ ကျွန်မကိုယ်ကျွန်မ နားလည်အောင်လုပ်နေတယ်လို့ပဲ ယူဆပေးပါ။ ဒါပါပဲ။

၄။ကျွန်မရဲ့မိဘ

ရှင်နဲ့လက်ထပ်ပြီးသွားလျှင် ရှင့်ရဲ့ မိသားစု၊ မိဘတွေကို ကျွန်မမိဘသဖွယ် ရိုသေလေးစားမှုကို ပေးရမယ်ဆိုတာကို ကျွန်မ သိနားလည်ထားပါတယ်။ ဒါပေမယ့် ရှင့်ကိုမမေ့စေချင်တာကတော့ ကျွန်မမှာလည်း မိသားစု ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်မမိသားစုမှာ အကူအညီ လိုအပ်နေတဲ့အခါ (သို့) သူတို့ကို အချိန်ပေးချင်တဲ့အခါမျိုးမှာ ကျေးဇူးပြုပြီး ကျွန်မကို တာဝန်မကျေပွန်၊ မသိတတ်တဲ့ ဇနီးဖြစ်အောင် မလုပ်လိုက်ပါနဲ့။ ရှင့်မိသားစုကို ကျွန်မရဲ့ မိသားစုဝင်အသစ်အဖြစ် တန်ဖိုးထားပေးမှာမို့လို့ ကျွန်မမိသားစုကိုလည်း တန်ပြန် တန်ဖိုးထားပေးပါ။

၅။ကျွန်မရဲ့လွတ်လပ်ခွင့်

ချစ်လှစွာသော အနာဂတ်ခင်ပွန်းလောင်းရှင့်။ သင်ဟာ ခေတ်နောက်ကျမကျန်ခဲ့တဲ့ ခေတ်မှီသော အမျိုးသမီးတစ်ဦးကို လက်ထပ်ရတယ်ဆိုလျှင်တော့ သူ့အတွက် ထိုက်လျောက်တဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ဖို့ မကြိုးစားသင့်ပါဘူး။ အထူးသဖြင့် ဒီဘက်ခေတ် အမျိုးသမီးအများစုဟာ အမျိုးသားများနည်းတူ အပြင်ထွက်ပြီး အိမ်ထောင့်တာဝန်ကို တဖက်တလှမ်းမှ တာဝန်ယူကြရတာကြောင့် မိန်းကလေးဆိုတာ အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့ ဘိုးစဉ်ဘောင်ဆက် အတွေးအခေါ်များကို မေ့လျော့ထားပေးပါ။

၆။အိမ်မှုကိစ္စ

တစ်ခါတစ်လေ ရုံးမှ အိမ်ပြန်နောက်ကျတဲ့အခါမျိုးမှာ ကိုယ်တိုင်ပန်းကန်ဆေးလိုက်ရတာကို စိတ်မရှိဖို့ မျှော်လင့်မိသလို ကျွန်မနေထိုင်မကောင်းဖြစ်တဲ့အချိန် မနက်စာ ချက်ပြုတ်ပြင်ဆင်ပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။ တစ်ခရီးတည်းအတူတူသွားရတာချင်းအတူတူ မိန်းမကိစ္စ၊ ယောကျ်ားကိစ္စ မခွဲခြားစေချင်ဘူး။ မယားဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်သလို ရှင့်ဘက်ကလည်း ကျွန်မကို တတ်နိုင်သလောက် ကူညီပေးစေချင်ပါတယ်။ ဒါမှ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက Balance ညီတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်မှာပါ။

ချစ်လှစွာသော ခင်ပွန်းလောင်းရေ ….. ဒါတွေကတော့ ကျွန်မရှင့်ကို ကြိုတင်သိထားစေချင်တဲ့ အကြောင်းအရာလေးတွေပါပဲ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*